Showing posts with label mobile သတင်းများ. Show all posts
Showing posts with label mobile သတင်းများ. Show all posts

Tuesday, December 11, 2012

၂၀၁၃ နှစ်ဆန်းပိုင်းမှစပြီး မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟုဆို

ပြည်တွင်းမိုဘိုင်းဖုန်းများကို ပြည်ပသို့ ယူဆောင်အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၃ နှစ်ဆန်းတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။ “လက်ရှိ Inbound စနစ်ကို အာဆီယံ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေရနေပြီ။ Outbound ကို ရှေ့နှစ်ဆန်းမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ဂျပန်နှင့် အာဆီယံနိုင်ငံများရှိ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်မည့် Inbound စနစ်ကို အကောင်အထည်ဖော်ခဲ့သည့်နည်းတူ Outbound စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ ခေါ်ဆိုနှုန်းထားများအနေဖြင့် လက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းဖြစ်သည်ဟု သိရသည်။ မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများသို့ အပြန်အလှန်ချိတ်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Inbound စနစ်နှင့် Outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ GSM ဖုန်းများမှာ နိုင်ငံတကာကွန်ရက်ဖြစ်၍ Outbound စနစ်အသုံးပြုနိုင်မည်ဆိုပါက GSM ဖုန်းများသာ အကျုံးဝင်နိုင်ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက သုံးသပ်ပြောကြားသည်။ လက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်း သန်းသုံးဆယ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ၎င်းစီမံကိန်းတွင် GSM ဖုန်း အများဆုံးပါဝင်ကြောင်း သိရသည်။

 http://myanmarinternetjournal.com မှကူးယူဖော်ပြပါသည်..

iPhone နားကြပ်များတွင် မူပိုင်ခွင့်ချိုးဖောက်ထားမှုဖြင့် Apple တရားစွဲခံရ

ဖုန်းမှအသံထုတ်လွှင့်မှုများကို ပေးပို့ခြင်းနှင့် လက်ခံခြင်း ပြုလုပ်နိုင်သည့် ကြားခံစနစ်တစ်ခုနှင့်ပတ်သက်၍ Intelligent Smart Phones Concepts ဟုခေါ်သည့် ကုမ္ပဏီတစ်ခုက Apple ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၃ သန်းတန် မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

iPhone တွင် အသုံးပြုသည့် နားကြပ်များသည် အမေရိကန်မူပိုင်ခွင့်အမှတ် ၇,၃၇၃,၁၈၂ ကို ချိုးဖောက်ထားသည့်အတွက် Apple ကုမ္ပဏီအား မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် မြောက်ကယ်လီဖိုးနီးယားရှိ တရာရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။ Intelligent Smart Phones Concepts ကုမ္ပဏီ၏ စနစ်တွင် “နားကြပ်တစ်ခုပါဝင်သည့် ကြိုးမဲ့မိုဘိုင်းဖုန်း” ဟု ဖော်ပြထားပြီး အဆိုပါဖြုတ်၊ တပ်နိုင်သည့် နားကြပ်သည် ဖုန်းမှ အသံထုတ်လွှင့်မှုများကို လက်ခံခြင်းနှင့် ဖုန်းထံ အသံထုတ်လွှင့်မှုများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။ Intelligent Smart Phones Concepts ကုမ္ပဏီသည် ၀င်ငွေနှင့် မူပိုင်ခဆုံးရှုံးခြင်းအတွက် အမေရိကန်ဒေါ်လာ ၃ သန်းတောင်းခံထားပြီး Apple မှ နောက်ထပ်မူ ပိုင်ခွင့်ချိုးဖောက်မှုများ ပြုလုပ်ခြင်းကို တားမြစ်ခြင်းအတွက် တရားရုံးမှ အမိန့်စာထုတ်ပြန်ထားကြောင်း သိရသည်။

http://www.myanmarinternetjournal.com/ ပါအကြောင်းအရာအားပြန်လည်ဖော်ပြခြင်းဖြစ်သည်

ဈေးကွက်အတွင်းရှိ T ဖြင့်စပြီး T ဖြင့်ဆုံးသော Model Huawei ဟန်းဆက်များ မြန်မာနိုင်ငံရှိ Huawei ရုံးခွဲမှဖြန့်ချိခြင်းမရှိ


Mobile Guide journal ပါအကြောင်းအရာအားပြန်လည်ဖော်ပြခြင်းဖြစ်သည်…..

PES 2019 PRO EVOLUTION SOCCER 2.9.0 Apk + Mod Money + Data for android

PES 2019 PRO EVOLUTION SOCCER  is a Sports Game for android download last version of PES 2019 PRO EVOLUTION SOCCER  Apk + Mod + Data for...