iPhone နားကြပ်များတွင် မူပိုင်ခွင့်ချိုးဖောက်ထားမှုဖြင့် Apple တရားစွဲခံရ

ဖုန်းမှအသံထုတ်လွှင့်မှုများကို ပေးပို့ခြင်းနှင့် လက်ခံခြင်း ပြုလုပ်နိုင်သည့် ကြားခံစနစ်တစ်ခုနှင့်ပတ်သက်၍ Intelligent Smart Phones Concepts ဟုခေါ်သည့် ကုမ္ပဏီတစ်ခုက Apple ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၃ သန်းတန် မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

iPhone တွင် အသုံးပြုသည့် နားကြပ်များသည် အမေရိကန်မူပိုင်ခွင့်အမှတ် ၇,၃၇၃,၁၈၂ ကို ချိုးဖောက်ထားသည့်အတွက် Apple ကုမ္ပဏီအား မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် မြောက်ကယ်လီဖိုးနီးယားရှိ တရာရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။ Intelligent Smart Phones Concepts ကုမ္ပဏီ၏ စနစ်တွင် “နားကြပ်တစ်ခုပါဝင်သည့် ကြိုးမဲ့မိုဘိုင်းဖုန်း” ဟု ဖော်ပြထားပြီး အဆိုပါဖြုတ်၊ တပ်နိုင်သည့် နားကြပ်သည် ဖုန်းမှ အသံထုတ်လွှင့်မှုများကို လက်ခံခြင်းနှင့် ဖုန်းထံ အသံထုတ်လွှင့်မှုများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။ Intelligent Smart Phones Concepts ကုမ္ပဏီသည် ၀င်ငွေနှင့် မူပိုင်ခဆုံးရှုံးခြင်းအတွက် အမေရိကန်ဒေါ်လာ ၃ သန်းတောင်းခံထားပြီး Apple မှ နောက်ထပ်မူ ပိုင်ခွင့်ချိုးဖောက်မှုများ ပြုလုပ်ခြင်းကို တားမြစ်ခြင်းအတွက် တရားရုံးမှ အမိန့်စာထုတ်ပြန်ထားကြောင်း သိရသည်။

http://www.myanmarinternetjournal.com/ ပါအကြောင်းအရာအားပြန်လည်ဖော်ပြခြင်းဖြစ်သည်

Comments

Popular posts from this blog

Gallery Lock Pro v3.3

Deep Sleep Battery Saver Pro v1.01 for Android (Full Version)

Contact Hider for Android