၂၀၁၃ နှစ်ဆန်းပိုင်းမှစပြီး မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟုဆို

ပြည်တွင်းမိုဘိုင်းဖုန်းများကို ပြည်ပသို့ ယူဆောင်အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၃ နှစ်ဆန်းတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။ “လက်ရှိ Inbound စနစ်ကို အာဆီယံ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေရနေပြီ။ Outbound ကို ရှေ့နှစ်ဆန်းမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ဂျပန်နှင့် အာဆီယံနိုင်ငံများရှိ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်မည့် Inbound စနစ်ကို အကောင်အထည်ဖော်ခဲ့သည့်နည်းတူ Outbound စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ ခေါ်ဆိုနှုန်းထားများအနေဖြင့် လက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းဖြစ်သည်ဟု သိရသည်။ မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများသို့ အပြန်အလှန်ချိတ်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Inbound စနစ်နှင့် Outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ GSM ဖုန်းများမှာ နိုင်ငံတကာကွန်ရက်ဖြစ်၍ Outbound စနစ်အသုံးပြုနိုင်မည်ဆိုပါက GSM ဖုန်းများသာ အကျုံးဝင်နိုင်ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက သုံးသပ်ပြောကြားသည်။ လက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်း သန်းသုံးဆယ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ၎င်းစီမံကိန်းတွင် GSM ဖုန်း အများဆုံးပါဝင်ကြောင်း သိရသည်။

 http://myanmarinternetjournal.com မှကူးယူဖော်ပြပါသည်..

Comments

Popular posts from this blog

Gallery Lock Pro v3.3

Deep Sleep Battery Saver Pro v1.01 for Android (Full Version)

Contact Hider for Android