“အားပြည့်ပါပြီ” for android



Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် အသုံးဝင်ဆော့ဝဲလ်လေးBattery Full Notificationမြန်မာမှုပြုထားတာလေး ကိုတင်ပေးလိုက်ပါတယ်..battery ကို အားသွင်းထားမိလို့ မနက်ကျ boot မတက်တော့တာတို့ ဘာတို့ စတာတွေကြောင့် ဒါလေးကိုလည်း ပြန်လည် မျှဝေသင့်တယ်ထင်လို့ပါ..
သူငယ်ချင်းတွေအတွက်လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်…ရှိပြီးသားသူတွေအတွက်တော့ ဒါလေးကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်…ဒီ apk လေးကိုတော့
“အားပြည့်ပါပြီ” လို့ အမည်ပေးထားပါတယ်…သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ ရိုးရှင်းပါတယ်…battery အားပြည့်ရင် သတိပေးတာပေါ့…သူ့မှာပါတဲ့
setting လေးတွေကတော့ စုံတယ်ဗျ..
-၁. ကိုယ်ကြိုက်တဲ့ အသံကိုရွေးပေးနိုင်ပါတယ်
-၂.ညဘက် တခြားသူတွေကို အနှောက်အယှက်မဖြစ်အောင် တုန်ခါမှု့နဲ့ ထားလို့ရပါတယ်
-၃.အသံအတိုးအကျယ်အတွက်..ကိုယ်သတ်မှတ်ထားတဲ့ ပုံစံတစ်ခုခုကို ရွေးပေးထားလို့ရပါတယ်
-၄.အသံမမြည်စေလိုတဲ့ အချိန်အပိုင်းအခြားကို သတ်မှတ်ပေးလို့ရပါတယ်
-၅.တစ်ခါသတိပေးပြီးရင် နောက်ဘယ်နှစ်မိနစ်မှာ ထက်သတိပေးပါဆိုတာကိုလည်း သတ်မှတ်ပေးလို့ရပါတယ်
-၆.အဲဒီလိုထက်ထက်ပြီး သတိပေးရမယ် အကြိမ်အရေအတွက်ကိုလည်း သတ်မှတ်ပေးလို့ရပါတယ်
-၇.နောက်တစ်ချက်က battery အား ၁ဝဝ ရာခိုင်နှုန်းပြည့်မှရယ် မဟုတ်ပဲ တခြားရာခိုင်နှုန်းတွေကိုလည်း ပြင်ဆင်သတ်မှတ်ပေးလို့ရပါတယ်
စတဲ့ အချက်တွေနဲ့ ပြည့်စုံတယ်ခင်ဗျ…
ဖုန်းကို လေးလံစေခြင်း အနှောက်အယှက်ဖြစ်စေခြင်း ဘာမှမရှိပါဘူး။
ရယူလိုသူများ
Download လုပ်ရန် ဒီကိုနှိပ်

(from MMUG)
 

Comments

Popular posts from this blog

Gallery Lock Pro v3.3

Deep Sleep Battery Saver Pro v1.01 for Android (Full Version)

Contact Hider for Android